text
stringlengths
2
3.1k
category
class label
4 classes
ထို့အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ် များသည် ကျင်းပ ခဲ့ သည့် အားကစား နည်း များ တွင် ပါဝင် နိုင် မှု အားနည်း နေသည် ကို တွေ့ ရ ကြောင်း ၊ အောက်ခြေ အဆင့် ပြိုင်ပွဲ ဖြစ် သော ရပ်ကွက် ၊ ကျေးရွာ ၊ မြို့နယ် ၊ ခရိုင် အဆင့်ဆင့် ပြိုင်ပွဲ များ ကျင်းပ ပြီး လူ ရွေးချယ် ကာ ပါဝင် ယှဉ်ပြိုင်မှု အားနည်း ခြင်း ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အား စား ပြိုင်ပွဲ များ တွင် အားကစား နှင့် ကာယပညာ သိပ္ပံကျောင်း များ မှ လူငယ် အားကစားသမား များ အား အသင့် ခေါ် ယူ ယှဉ်ပြိုင် စေ ခြင်း တို့ ကို သာ မြင် တွေ့ ရ ကြောင်း ညွှန်ကြားရေးမှူးချုပ် က ဆိုသည် ။
0Sport
ထို့အပြင် ဒေသတွင်း ရှိ အားကစား ကလပ် များ ၊ အားကစား ကော်မတီ များ နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်း ပြီး ပြိုင်ပွဲ များ တွင် ဝင်ရောက် ယှဉ်ပြိုင် နေသည် ကို တွေ့ ရ ကြောင်း ၊ ဒေသတွင်း ရှိ ခန့်အပ် ထား သော အားကစားနည်းပြ ၊ နည်းစနစ် မှူး များသည် ဒေသ အတွင်း စည်းရုံး မှု နှင့် ကျောင်း ၊ ပညာရေးဌာန များ ၌ ပူး ပေါင်းစည်း ရုံး လှုံ့ဆော် မှု အားနည်း နေ ၍ မျိုးဆက် သစ် အားကစားသမား များ ထွက်ပေါ် လာ ခြင်း မရှိ ကြောင်း ဦးမျိုးလှိုင် က ဆိုသည် ။
0Sport
၂၀၁၆ ပြည်နယ် နှင့် တိုင်း အားကစား ပြိုင်ပွဲ များ ကို မေလ မှ နိုဝင်ဘာလ ဆန်း အထိ အားကစား နည်း ၂၇ မျိုး ကျင်းပ ခဲ့ ကြောင်း အားကစား နှင့် ကာယပညာ ဦးစီးဌာန မှ သတင်းရ ရှိသည် ။
0Sport
အားကစား အဖွဲ့ချုပ် အသီးသီး က လည်း ဒေသတွင်း တိုင်း ၊ ခရိုင် ၊ မြို့နယ် များ သို့ အားကစား နည်း အလိုက် နည်းပညာ ၊ နည်းစနစ် ၊ ပံ့ပိုးမှု များ ယခုထက် ပိုမို ပါဝင် ပူးပေါင်းဆောင်ရွက် စေ လို ကြောင်း ၊ လာမည့် ၂၀၁၇ တိုင်းဒေသကြီး နှင့် ပြည်နယ် ပြိုင်ပွဲ များ တွင် ယခု သုံးသပ်ချက် များ အားလုံး ကို ပြုပြင် ၍ အကောင်းဆုံး ပါဝင် ယှဉ်ပြိုင် ရ မည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ၌ ညွှန်ကြားရေးမှူးချုပ် က တိုက်တွန်း ပြောကြား သည် ။
0Sport
ကိုလံဘီယာ နှင့် ဂိုး မရှိ သ ရေကျ ခဲ့ သော ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင် ချီလီ ဂိုးသမား ဘ ရာ ဗို သည် တင်ပါး ဒဏ်ရာ ရရှိ ခဲ့ ပြီး အင်္ဂါနေ့ ၌ ယှဉ်ပြိုင် ရ မည့် ဥရုဂွေး နှင့် ပွဲ တွင် ပါဝင် ကစား မည် လား ဆိုသည် ကို ၎င်း က ဖြေဆို ခြင်း မရှိ ဘဲ လောလောဆယ် တင်ပါး ဒဏ်ရာ ကြောင့် များစွာ အနှောင့်အယှက် ဖြစ် ရ သည် ဟု ပြောသည် ။
0Sport
ပြင်သစ် အသင်း နှင့်အတူ လေ့ကျင့်ခန်း ဆင်း စဉ် ဆမ် မြူ ရယ် အွန်တီတီ ဒဏ်ရာ ရ ခဲ့ ပြီး သီတင်းသုံး ပတ် အထိ အနားယူ ရ ဖွယ် ရှိ သဖြင့် ဘာစီလိုနာ နှင့် ရီးရဲလ် တို့ ၏ အယ်လ် ကလက် စီ ကို ပွဲ နှင့် လွဲချော် ဖွယ် ရှိသည် ။
0Sport
ဘရာဇီး ကို သုံး ဂိုး ပြတ် ရှုံးနိမ့် ခဲ့ သော်လည်း သုံး ရက် အတွင်း နောက် တစ် ပွဲ ကစား ရ မည် ဖြစ် ကာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင် ရေး မှာ မိမိ တို့ လက်ထဲ တွင် ရှိနေ ဆဲ ဖြစ်သည် ဟု အာဂျင်တီးနား နည်းပြ ဘော် ဇာ က ပြောကြား သည် ။
0Sport
မန်ယူ နောက်ခံ လူ ခရစ် စ မော လင်း ၏ ခြေချောင်း နှစ် ခု ကျိုး သဖြင့် တစ်လ ခန့် အနားယူ ရ မည် ဖြစ်ကြောင်း ဒေး လီး မေးလ် သတင်း က ဖော်ပြ ပြီး ၎င်း သည် အောက်တိုဘာ ၂၃ ရက် က ချယ်လ်ဆီး နှင့် ပွဲ တွင် နောက်ဆုံး ပါဝင် ကစား ခဲ့ စဉ် က ဆေး နှစ် လုံး ထိုး ၍ ကစား ခဲ့ ရ သည် ။
0Sport
ချယ်လ်ဆီး ကွင်းလယ်လူ မီ ခေး သည် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ က မာဆေး အသင်း ၏ ကမ်းလှမ်း ခြင်း ခံ ခဲ့ ရ ပြီး နောက် ချယ်လ်ဆီး ၌ သာ စာချုပ် သက်တမ်း တိုး လို ၍ နေထိုင် ခဲ့ သော်လည်း ချယ်လ်ဆီး က စာချုပ် သစ် ကမ်းလှမ်း ဖွယ် မရှိ ဖြစ် နေသည် ။
0Sport
နိုင်ငံတကာ ပွဲ တွင် တံကောက်ကြော ဒဏ်ရာ ရရှိ ထား သော ဆန်း ချက်ဇ် ကို အာဆင်နယ် အသင်း နည်းပြ အာစင်ဝင်းဂါး က စိုးရိမ် ပူပန် နေ ပြီး ချီလီ အသင်း က ဥရုဂွေး နှင့် ပွဲ တွင် ဆန်း ချက်ဇ် အား ဒဏ်ရာ ရ စေသော ဆုံးဖြတ်ချက် ကို တားဆီး ရန် ဆန်း ချက်ဇ် ၏ ဒဏ်ရာ ကို အာဆင်နယ် အသင်း ဆေး ဝန်ထမ်း များ အားစမ်း သပ် စစ် ဆေးခွင့် ပေး ရန် တောင်းဆို ခဲ့ သည် ။
0Sport
ကနဦး တွင် ဆန်း ချက်ဇ် သည် ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိ ခဲ့ သည် ဟု သိရ သော်လည်း အာစင်ဝင်းဂါး က တံကောက်ကြော ဒဏ်ရာ ရ ရှိနေ ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ ပြီး ဆန်း ချက်ဇ် သည် အဆိုပါ ဒဏ်ရာ ကြောင့် ကြာသပတေးနေ့ ၌ ကိုလံဘီယာ အသင်း နှင့် ကစား ခဲ့ သော ပွဲ တွင် ချန်လှပ် ခြင်း ခံ ခဲ့ ရ သည် ။
0Sport
ဆန်း ချက်ဇ် ကို အသင်း လူ စာရင်း တွင် ထည့်သွင်း ထား ဆဲ ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက် အင်္ဂါနေ့ ၌ ကစား မည့် ဥရုဂွေး နှင့် ပွဲ တွင် ၎င်း ပြန်လည် ကစား နိုင် ရန် မျှော်လင့်သည် ဟု ချီလီ နည်းပြ ဂျူ ယန် အန် တို နီ က ပြောကြား သည် ။
0Sport
လွန်ခဲ့သော ည က ဆန်း ချက်ဇ် နှင့် အဆက်အသွယ် ရကာ တံကောက်ကြော ဒဏ်ရာ ရ ရှိနေ သည် ကို သိရှိ ရ ကြောင်း ၊ ဥရုဂွေး နှင့် ပွဲ တွင် ပါဝင် နိုင် ရန် ကိုလံဘီယာ နှင့် ပွဲ ၌ ၎င်း ကို ချန်လှပ် ထားခဲ့ သည် ဟု သိရ ကြောင်း အာစင်ဝင်းဂါး က ပြောသည် ။
0Sport
ထို့အပြင် နိုင်ငံတကာ အသင်း နှင့် ကလပ် အသင်း တို့ ကြား တွင် ကွာခြား ချက် ရှိ ကြောင်း ၊ ၎င်း တို့ အနေဖြင့် အသင်း ရလဒ် ကို သာ ဦးစားပေး တတ်သည် ကို နားလည် နိုင် သော်လည်း မိမိ တို့ အနေဖြင့် ဆန်း ချက်ဇ် ၏ ကျန်းမာရေး ကို တန်ဖိုးထား ရ မည် ဟု ဝင်းဂါး က ပြောသည် ။
0Sport
ဆန်း ချက်ဇ် သည် ဘောလုံး ကစား ရန် အစဉ် ဆန္ဒ ရှိနေ သူ ဖြစ်ပြီး ဒဏ်ရာ ရ ရှိနေ ချိန် ပင် ဘောလုံး ကစား ရန် ဆန္ဒ ပြင်းပြ သူ ဟု ဝင်းဂါး က သတိပေး ပြောကြား သည် ။
0Sport
ပေါ်တူဂီ အသင်း ကို ၂၀၁၆ ယူရို ဖလား ရရှိ စေရန် စွမ်းဆောင် ခဲ့ သူများ တွင် အဓိက ကျ သော အခန်းကဏ္ဍ က ပါဝင် ခဲ့ သူ ရီးရဲလ် နောက်တန်း လူ ပီပီ သည် ၂၀၁၆ အတွက် Goal 50 အဖွဲ့ ၏ ရွေးချယ် မှု ၌ ကမ္ဘာ့ အကောင်းဆုံး နောက်တန်း ကစားသမား အဖြစ် သတ်မှတ် ခံရ သည် ။
0Sport
ပီပီ သည် ဆာ ဂျီ ယို ရာ မို့စ် ၊ လီ ယို နာ ဒို ဘိုနူချီ နှင့် ဒီ ယာ ဂို ဂို ဒင် တို့ ကို ကျော်ဖြတ် ကာ အဆင့် ( ၁၂ ) ရရှိ ခဲ့ သည် ။ တစ် နှစ် တစ် ကြိမ် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး ကစားသမား ၅၀ ကို ရွေးချယ် ပေး လျက် ရှိ သော Goal 50 ကပီ ပီ ကို ၂၀၁၆ အတွက် အကောင်းဆုံး နောက်တန်း ကစားသမား အဖြစ် အဆင့် ( ၁၂ ) တွင် ရွေးချယ် ခဲ့ သည် ။ ပီပီ သည် Goal 50 မှ ရွေးချယ် သော ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၅၀ တွင် အဆင့် ( ၂၀ ) အတွင်း ပထမဦးဆုံး အကြိမ် ဝင်ရောက် နိုင် ခဲ့ သည် ။
0Sport
ဂျူဗင်တပ် နောက်တန်း ကြယ်ပွင့် ကစားသမား ဘိုနူချီ နှင့် အက်သလက်တီကိုမက်ဒရစ် အဓိက နောက်တန်း ကစားသမား ဂို ဒင် တို့သည် ထိပ်ဆုံး ကစားသမား ၂၀ စာရင်း မှ ကပ် ၍ လွှဲ ချော် ခဲ့ ကြ ပြီး အဆင့် ( ၂၁ ) နှင့် ( ၂၂ ) တို့ တွင် အသီးသီး ရပ်တည် ခဲ့ ကြ သည် ။
0Sport
အလားတူ နာမည်ကြီး နောက်တန်း ကစားသမား တစ်ဦး ဖြစ် သော ဘိုင်ယန်မြူးနစ် အသင်း မှ ဂျီ ယို ပီ ဘိုတန် သည် အဆင့် ( ၃၀ ) တွင် ရပ်တည် ခဲ့ ပြီး ရီးရဲလ် ကစားသမား မာ ဆယ် လို က ၎င်း နောက် တစ်ဆင့် လျော့ ကာ အဆင့် ( ၃၁ ) သို့ ရောက်ရှိ ခဲ့ သည် ။
0Sport
ဘိုနူချီ ၏ အီတလီ အသင်း ကစားဖော် အန် ဒ ရီ ယာ ဘာ ဇာ ဂ လီ က အဆင့် ( ၄၃ ) ရောက်ရှိ ခဲ့ ပြီး ပီအက်စ်ဂျီ နောက်တန်း ကစားသမား မာကွင်ဟို က အဆင့် ( ၄၉ ) တွင် ရှိနေ သည် ။
0Sport
နည်းပြ သစ် တိုက် လက်ထက် ဘရာဇီး အသင်း နိုင်ပွဲ ဆက် ခဲ့ ပြီး ၎င်း တို့ မြေပေါ် တွင် အာဂျင်တီးနား ကို ၃ - ၀ ဂိုး ဖြင့် ဂိုး ပြတ် အနိုင်ရ ခဲ့ သည် ။
0Sport
ဘရာဇီး သည် နည်းပြ သစ် တိုက် လက်ထက် တွင် ငါး ပွဲ အထိ အနိုင်ရ ထား ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၁ ပွဲ မှ ၂၄ မှတ် ရထား ကာ အာဂျင်တီးနား မှာ ၁၆ မှတ် ရရှိ ထားသည် ။
0Sport
အာ ဂျင်း တီး နား အသင်း သည် ဘရာဇီး မြေ တွင် ကြိုးစား အားထုတ် မှု မရှိ သော စွမ်းဆောင် ပုံ နှင့်အတူ အမေရိက တိုက် ၏ အလိုအလျောက် ခြေစစ်ပွဲ အောင် နိုင် သော နေရာလေး နေရာ ၏ ပြင်ပ နံပါတ် ( ၆ ) နေရာ ၌ ရောက်ရှိ နေ သဖြင့် အာဂျင်တီးနား နည်းပြ အက်ဒ် ဂါ ဒို ဘော် ဇာ အတွက် ခက်ခဲ သော အခြေအနေ တစ်ရပ် နှင့် ကြုံ နေသည် ။
0Sport
ကိုပါ အမေရိက ချန်ပီယံ ချီလီ သည် တတိယ နေရာ မှ အိမ်ရှင် ကိုလံဘီယာ နှင့် ဂိုး မရှိ သ ရေကျ ခဲ့ ပြီး အာဆင်နယ် တိုက်စစ်မှူး ဆန်း ချက်ဇ် ဒဏ်ရာ ကြောင့် ပါဝင် ခြင်း မရှိ ခဲ့ ပေ ။
0Sport
အုပ်စု ဒုတိယ နေရာ မှ ဥရုဂွေး သည် အီကွေဒေါ ကို ၂ - ၁ ဂိုး ဖြင့် နိုင် ခဲ့ ပြီး ၂၃ မှတ် ရထား ကာ ဘရာဇီး နှင့် တစ် မှတ် သာ ကွာ နေသည် ။
0Sport
နောက် ပွဲစဉ် တစ် ခု တွင် ပီရူး က ပါရာဂွေး ကို ၄ - ၁ ဂိုး ဖြင့် မထင်မှတ်ဘဲ အနိုင်ရ ခဲ့ ပြီး ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ၌ ပါ ဝင်ခွင့် ရ ရေး ယှဉ်ပြိုင်မှု ၌ ပြန် ပါဝင် လာ သည် ။
0Sport
ပီရူး သည် ရမှတ် ၁၄ မှတ် ဖြင့် နံပါတ် ( ၈ ) နေရာ ၌ ရှိနေ ဆဲ ဖြစ် ကာ နံပါတ် ( ၇ ) နေရာ မှ ပါရာဂွေး နှင့် တစ် မှတ် သာ ကွာ သည် ။
0Sport
ဘရာဇီး သည် အာ ဂျင်း တီး နား နှင့် ပွဲ တွင် ပွဲ ကို ကြီးစိုး ထား နိုင် ခဲ့ ပြီး ယခုထက် ဂိုး ပို ပြတ် သင့် သော်လည်း ကော်တင် ဟို ၊ နေ မာ နှင့် ပေါ် လင် ဟို တို့ ၏ သွင်းဂိုး များ ဖြင့် သုံး ဂိုး ပြတ် အနိုင်ရ ခဲ့ ခြင်း ဖြစ်သည် ။
0Sport
နှစ် ဖက် ဂိုး မရှိ သ ရေကျ နေ စဉ် ဂိုး ဧရိယာ ထဲ တွင် နေ မာ ဘောလုံး ကို လက် ဖြင့် ထိမိ ခြင်း အတွက် ဒိုင်လူကြီး ကပင် နယ် တီ ပေး ခဲ့ မည် ဆို ပါ က အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွား နိုင်ခြေ ရှိသည် ။
0Sport
ဘရာဇီး ၏ ဂိုး သုံး ဂိုး အနက် အထင်ကြီး စရာ အကောင်းဆုံး ဂိုး မှာ လီဗာပူး ကွင်းလယ်လူ ကော်တင် ဟို ၏ ဂိုး ဧရိယာ ထောင့် မှ သွင်း ယူ သော ဗွေဆော်ဦး ဂိုး ဖြစ်သည် ။
0Sport
ယင်း ပွဲ အပြီး တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ က ကျွန်တော် တို့ ပြောင်းလဲ ရ ပါ မယ် ဟု ပြောကြား သည် ။
0Sport
ယခုနှစ် အတွက် အာရှ ဘောလုံး အဖွဲ့ချုပ် AFC ၏ တစ် နှစ် တာ အကောင်းဆုံး ကစားသမား ဆုချီးမြှင့် ရန် ပဏာမ ရွေးချယ် ထား သော အမျိုးသား အားကစားသမား သုံး ဦး ကို ကြေညာ ရာ ယူအေအီး လက်ရွေးစင် ကွင်းလယ်လူ အို မာ အဗ္ဗဒူလ် ရာ မန် ၊ ရှန် ဟိုင်း SIPG ၏ ထာဝရ ဂိုးသွင်း ဘုရင် တရုတ် လက်ရွေးစင် တိုက်စစ်မှူး ဝူ လီ နှင့် အီရတ် လက်ရွေးစင် နှင့် ထိပ်တန်း ဂိုးသွင်း ရှင် ဟမ် မာ ဒီ အာ မတ် အယ်လ် ဒီ အာ တို့ ပါ ဝင်နေ သည် ။
0Sport
ယာဉ် စည်းကမ်း ချိုးဖောက် မှု ကြောင့် အရက် သောက် သုံး ခြင်း ရှိ ၊ မရှိ စစ်ဆေးမှု ခံယူ ရန် ငြင်းဆို ခဲ့ သော လာ့စ် ပါး မား တိုက်စစ်မှူး ဆာ ဂျီ ယို အ ရူ ဂျို ကို တရားရုံး က ထောင် ကိုး လ ချမှတ် လိုက် ပြီး ၎င်း ကို ဘို ကာ ဂျူ နီ ယာ အသင်း က အငှားချ ထား ခြင်း ဖြစ်သည် ။
0Sport
နယ်သာလန် နှင့် ဘယ်လ်ဂျီယံ တို့ တစ် ဂိုး စီ သ ရေကျ ခဲ့ သော ချစ်ကြည်ရေး ပွဲ တွင် စပါး တိုက်စစ်မှူး ဗင်း ဆင့် ဂျန် ဆင် ( ၂၂ ) နှစ် ဒဏ်ရာ ရရှိ ခဲ့ သဖြင့် အခြေအနေ ကို စစ်ဆေးမှု ခံယူ ရ မည် ဖြစ်သည် ။
0Sport
ဘာစီလိုနာ နောက်ခံ လူ ပီ ကေး သည် ဒဏ်ရာ များ သက်သာ လာ ပြီ ဖြစ် ကာ ပါဝင် ကစား ရန် အဆင်သင့် ဖြစ် လု နီး နေသည် ။
0Sport
အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း က ၎င်း ၏ ပြင်သစ် အသင်း ဖော် မန်ယူ ကွင်းလယ်လူ ပေါလ်ပေါ့ဂ် ဘာ နှင့် ကလပ် တွင် နောင် တစ် ချိန် တွဲ ကစား လို သည် ဟု ပြောကြား သည် ။
0Sport
လက်ရှိတွင် ပြင်သစ် အသင်း အတွက် ကစား နေ ကြ သော ဂရစ်ဇ်မန်း နှင့် ပေါ့ဂ် ဘာ တို့သည် ရင်းနှီး သော မိတ်ဆွေ များ ဖြစ်ပြီး မကြာခဏ တွဲ ၍ တွေ့ ရ လေ့ ရှိ သူများ ဖြစ်သည် ။
0Sport
နည်းပြ မော်ရင်ဟို က မန်ယူ တိုက်စစ် ပိုင်း ကို အားကောင်း အောင် လုပ်ဆောင် ရန် ကြိုးစား နေ စဉ် လာမည့် နွေရာသီ တွင် မန်ယူ က ဂရစ်ဇ်မန်း ကို ခေါ် ယူ ရန် ပြင်ဆင် ထား ကြောင်း သတင်း များ ထွက်ပေါ် နေသည် ။
0Sport
အိုးထရက်ဖို့ဒ် တွင် ၎င်း ၏ သူငယ်ချင်း ပေါ့ဂ် ဘာ ရှိနေ ခြင်း က ဂရစ်ဇ်မန်း ကို ခေါ် ယူ ရန် ကြိုးစား ရာ၌ ဆွဲဆောင်မှု တစ် ခု ဖြစ်လာ နိုင်သည် ။
0Sport
မန်ယူအသင်း အကြောင်း ကျွန်တော် ပေါ့ဂ် ဘာ ကို အမြဲ မေး လေ့ ရှိပါတယ် ။ မန်ယူ ဟာ အသင်း ကြီး တစ် သင်း ၊ အခြေခံ အဆောက်အအုံ တကယ် ကောင်း တဲ့ အသင်း တစ် သင်း ဖြစ်တယ် လို့ ကျွန်တော် ထင် ပါ တယ် ။ ကစားသမား တချို့ ဟာ သူ တို့ အဲ ဒီလောက် ကောင်း ကြ လား ( ဒါမှမဟုတ် ) မော်ရင်ဟို ဟာ တကယ် တော် သလား ဆို တာ နဲ့ ပတ်သက် ပြီး ပေါ့ဂ် ဘာ ကို ကျွန်တော် အမြဲ မေး ပါ တယ် ဟု ဂရစ်ဇ်မန်း က ပြောသည် ။
0Sport
သို့သော် လောလောဆယ် တွင် မိမိ အနေဖြင့် အသင်း တစ် သင်း သို့ ပြောင်းရွှေ့ ရန် မ မြင် သေး ဟု ဂ ရစ် ဇန်း က ပြောကြား သော်လည်း တစ်နေ့ နေ့ တွင် ဂေါ့ဂ် ဘာ နှင့် တွဲဖက် ကစား ရ ပါ က အ လွန်ကောင်း လိမ့်မည် ဟု ၎င်း က ပြောသည် ။
0Sport
မန်ယူအသင်း နည်းပြ မော်ရင်ဟို ၏ နောက်တန်း ကစားသမား စ မော လင်း နှင့် လုခ် ရှော တို့ အပေါ် ဝေဖန်မှု များ ကို စိုးရိမ် မိသည် ဟု ပရော်ဖက်ရှင်နယ် ကစားသမား များ အဖွဲ့ ( ပီ အက်ဖ်အေ ) က ပြောကြား ခဲ့ ပြီး ကစားသမား များ ၏ ပုဂ္ဂိုလ် ရေး ပြဿနာ များ အပေါ် စာနာ နားလည်မှု ပိုမို ပြသ ရန် မန်ယူ နည်းပြ မော်ရင်ဟို ကို တိုက်တွန်း ပြောကြား ခဲ့ သည် ။
0Sport
နည်းပြ မော်ရင်ဟို သည် ပြီး ခဲ့ သော တနင်္ဂနွေနေ့ က ဆွမ်း ဆီး အသင်း ကို အနိုင်ရ ရှိ ခဲ့ သော ပွဲ တွင် ၎င်း တို့ နှစ် ဦး ကစား လို စိတ် ပြင်းထန် မှု မရှိ သည့် အပေါ် ဝေဖန် ခဲ့ ပြီး ၎င်း တို့သည် ပွဲ ထွက် ကစားသမား စာရင်း အတွက် လုံလောက် သော ရဲရင့် မှု မရှိ ဟု ပြောကြား ခဲ့ သည် ။
0Sport
စ မော လင်း နှင့် လုခ် ရှော တို့ ၏ ပြဿနာ များ အတွက် စိတ်ပျက် မိ ပြီး ၎င်း တို့ တွင် မိမိ အနေဖြင့် ပြော ရန် မ လိုအပ် သော ကိုယ်ရေးကိုယ်တာ ပြဿနာ များ ရှိနေ သည် ဟု ပရော်ဖက်ရှင်နယ် ကစားသမား များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဂေါ် ဒန် တေ လာ က Sky Sports သို့ ပြောသည် ။
0Sport
တစ်ခါတစ်ရံ မန်နေဂျာ တစ် ယောက် သည် စိတ်ပညာ ရှင် တစ်ဦး ကဲ့သို့ ဖြစ် ရန်လို အပ် ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ် တစ်ဦး ကဲ့သို့ လည်း ကစားသမား များ ကို ပြုမူ ဆက်ဆံ ရန်လို အပ် ကာ အသင်း တစ် သင်း တွင် အားလုံး ကို တစ်ပုံစံတည်း ဆက်ဆံ ၍ မ ရ ကြောင်း နှင့် မန်နေဂျာ တိုင်း သည် အသင်း တစ် သင်း တွင် ကစားသမား တိုင်း သည် ကွဲပြား ခြားနား မှု ရှိသည် ကို သိ သင့် ကြောင်း ဂေါ် ဒန် က ပြောသည် ။
0Sport
မန်ယူ နောက်ခံ လူ လုခ် ရှော သည် ဒဏ်ရာ ပြဿနာ ကြောင့် ၁၀ လတာ အနားယူ ခဲ့ ပြီး ပုံမှန် ပွဲ ထွက် ခွင့် ရရှိရန် မော်ရင်ဟို လက်ထက် တွင် ရုန်းကန် နေကာ ဝက်ဖို့ဒ် နှင့် စက်တင်ဘာ တွင် ကစား ခဲ့ သော ပွဲ ၌ စွမ်းဆောင်ရည် လိုအပ်ချက် ကြောင့် နည်းပြ ဖြစ် သူ ၏ေ ၀ ဖန် မှု ကို ရင်ဆိုင် ခဲ့ ရ သည် ။
0Sport
စ မော လင်း သည် လည်း ပြီးခဲ့သည့် လ က ချယ်လ်ဆီး နှင့် ပွဲ အတွက် အကိုက်အခဲ ပျောက် ဆေးထိုး ၍ ကစား ခဲ့ ကြောင်း သိရသည် ။
0Sport
ကစားသမား များ ကို ပျော့ ပျော့ပျောင်း ပျောင်း ဆက်ဆံ ရန် ပြောဆို နေ ခြင်း မဟုတ် ကြောင်း နှင့် နားလည်မှု ပေး ရန် သာ ရည်ရွယ် ကြောင်း ဂေါ် ဒန် က ပြောသည် ။
0Sport
အင်္ဂလန် ယာယီ နည်းပြ ဆောက်သ် ဂိတ် ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် ခြင်း ဖြင့် အင်္ဂလန် အသင်း ကို ပိုမို တည်ငြိမ် မှု ရှိ လာ စေရန် မျှော်လင့် ကြောင်း ကွင်းလယ် ကစားသမား အ ဒမ် လာ လာ နာ က ပြောသည် ။
0Sport
ဆ လို ဗေး နီး ယား အသင်း ကို ဂိုး မရှိ သ ရေကျ ခဲ့ ပြီး မော်လ် တာ အသင်း ကို အိမ်ကွင်း တွင် အနိုင် ယူခဲ့ ပြီး နောက် အင်္ဂလန် လက်ရွေးစင် နည်းပြ နေရာ အတွက် သင့်လျော် သော သူ တစ် ယောက် ဖြစ်ကြောင်း အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အား သက်သေပြ နိုင် ရေး ယာယီ နည်းပြ ဆောက်သ် ဂိတ် အနေဖြင့် နောက်ထပ် နှစ် ပွဲ ကိုင်တွယ် ရန်ရှိ နေသည် ။
0Sport
ဆောက်သ် ဂိတ် အပါအဝင် လူတိုင်း က သူ့ ကို အင်္ဂလန် နည်းပြ ဖြစ် စေ ချင် တယ် လို့ ကျွန်တော် ထင် ပါ တယ် ။ ကျွန်တော် တို့ ကတော့ နောက်ထပ် ကစား မယ့် ပွဲ နှစ် ပွဲ မှာ သူ့ အတွက် အကောင်းဆုံး တိုက်ပွဲ ဝင် သွား မှာ ပါ ဟု လာ လာ နာ က ပြောသည် ။ ယာယီ နည်းပြ ဆောက်သ် ဂိတ် သည် ယူ - ၂၁ အသင်း ကို ကိုင်တွယ် နေရာ မှ လက်ရွေးစင် အသင်း နည်းပြ ဆမ်အလာဒိုက်စ် ထွက်ခွာ သွား ပြီး နောက် လက်ရွေးစင် အသင်း ကို လေး ပွဲ တာဝန်ယူ ရန် ခန့်အပ် ခံရ သူ ဖြစ်သည် ။
0Sport
မိမိ တို့ အနေဖြင့် တည်ငြိမ် မှု ကို လို အပ်ကြောင်း ၊ အင်္ဂလန် လက်ရွေးစင် အသင်း တွင် ကလပ် အသင်း များ ကဲ့သို့ တည်ငြိမ် မှု တည်ဆောက် ရန် အချိန် မရှိ ကြောင်း နှင့် လိဂ် ပွဲစဉ် များ အတွက် မိမိ တို့ ပြင်ဆင် ချိန် ရ ရှိသော်လည်း နိုင်ငံ ပွဲ အတွက် ပြင်ဆင် ချိန် မ ရရှိ နိုင်သည် မှာ မ တူညီ သော စိန်ခေါ်မှု တစ်ရပ် ဖြစ်ပြီး ယင်း စိန်ခေါ်မှု ကို ဆောက်သ် ဂိတ် အနေဖြင့် ရင်ဆိုင် လို သည်မှာ သေချာ ကြောင်း လီဗာပူး ကွင်းလယ် ကစားသမား လာ လာ နာ က ပြောသည် ။ စ ကော့ တ လန် အသင်း နှင့် ယှဉ်ပြိုင်ကစား မည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင် အင်္ဂလန် လူ စာရင်း ၌ ပါဝင် လာ သော လာ လာ နာ က ဆောက်သ် ဂိတ် အမြဲတမ်း နည်းပြ ဖြစ်လာ ရန် မျှော်လင့်ချက် ဖြင့် အကောင်းဆုံး အားထုတ် ကစား သွား မည် ဖြစ်ကြောင်း ပြောကြား ခဲ့ သည် ။
0Sport
နောင် အနာဂတ် တွင် ၎င်း နှင့် တထေရာတည်း တူညီ သော ကစားသမား မျိုးရှိ လာ နိုင်သည် ဟူသော အယူအဆ ကို ရီးရဲလ် နှင့် ပေါ်တူဂီ ကြယ်ပွင့် စီ ရော်နယ်ဒို က ပယ် ချ လိုက် သည် ။
0Sport
မ ကြာ သေး မီ က ရီးရဲလ် အသင်း နှင့် ၂၀၂၁ အထိ စာချုပ် သစ် ချုပ်ဆို ခြင်း အပေါ် ဂုဏ်ယူ နေ သော ရော်နယ်ဒို သည် ထူးခြား ပြောင်မြောက် ခဲ့ သည့် ၂၀၁၅ - ၁၆ ရာသီ အတွက် တစ်ဦး ချင်း ဆု များ လက်ခံ ရင်း အလုပ်ရှုပ် နေ ခဲ့ သည် ။
0Sport
ရော်နယ်ဒို ( ၃၁ ) နှစ် သည် ရီးရဲလ် ကို ( ၁၁ ) ကြိမ်မြောက် ချန်ပီယံ လိဂ် ဖလား ရရန် ကူညီ ပေး ခဲ့ ပြီး နောက် ပေါ်တူဂီ ကို လည်း ဥရောပ ချန်ပီယံ ဖြစ် အောင် ဦးဆောင် နိုင် ခဲ့ သည် ။
0Sport
အနာဂတ် တွင် နောက်ထပ် ရော်နယ်ဒို တစ်ဦး ရှိ နိုင် သလား ဟု မေးမြန်း ခံရ ချိန် ၌ ရော်နယ်ဒို က ကစားသမား တိုင်း စီ တွင် ထူးခြားသော အရည်အချင်း များ ပိုင်ဆိုင် ပြီး ကစားသမား တစ်ဦး သည် ကျန် တစ်ဦး နှင့် ထပ်တူ မ ကျ နိုင် ဟု အခိုင်အမာ ပြောကြား သည် ။
0Sport
နောက်ထပ် ခရစ် တီ ယာ နို ရော်နယ်ဒို ဆိုပြီး ဘယ် သူ မှ ဖြစ် မ လာ နိုင် ပါ ဘူး ။ ထပ်တူ ညီ တဲ့ နှစ်ယောက် မရှိ နိုင် ပါ ဘူး ဟု လာလီဂါ အကောင်းဆုံး ကစားသမား အဖြစ် အယ်လ် ဖ ရက် ဒို ဒီ စ တီ ဖာ နို ဆု ကို လက်ခံ ရယူ ပြီး နောက် ၎င်း က ပြောသည် ။
0Sport
၀ င် ဘ လေ ကွင်း ၌ စ ကော့ တ လန် အား အိမ်ရှင် အဖြစ် လက်ခံ ကစား မည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင် အသင်း ခေါင်းဆောင် အဖြစ် ရွန်းနေ တာဝန်ယူ သွား မည် ဟု အင်္ဂလန် အသင်း ယာယီ မန်နေဂျာ ဆောက်သ် ဂိတ် က ပြောသည် ။ ပြီးခဲ့သည့် လ က ဆ လို ဗေး နီး ယား နှင့် ဂိုး မရှိ သ ရေကျ သော ပွဲ တွင် ရွန်းနေ ( ၃၁ ) နှစ် ကို ချန်လှပ် ထားခဲ့ သည် ။
0Sport
သေချာ မှု ၊ ယုံကြည်မှု အနေ နဲ့ ကြည့် မယ် ဆို ရင် သူ ဟာ နောက်ဆုံး အင်္ဂလန် ပွဲစဉ် က ထက် ပို ကောင်း တဲ့ အနေအထား မှာရှိ နေ ပါ တယ် ဟု ဆောက်သ် ဂိတ် က ဆိုသည် ။ ထို့အပြင် ရွန်းနေ သည် ယခု ပွဲ မျိုး အတွက် အတွေ့အကြုံ ကြွယ်ဝ သဖြင့် ၎င်း အား ထည့်သွင်း ကစား ရန် နှောင့်နှေး မှု မရှိ ဟု အင်္ဂလန် ယာယီ နည်းပြ က ဆက်လက် ပြောသည် ။
0Sport
ရွန်းနေ သည် အင်္ဂလန် အတွက် ၁၈ ပွဲ ကစား ခဲ့ ကာ စံချိန်တင် ၅၃ ဂိုးသွင်း ယူ ထားသည် ။ သို့သော် ယခု ရာသီ တွင် မန်ယူ ၏ ပွဲစဉ် အချို့ ၌ ပါ ဝင်ခွင့် မ ရ ခဲ့ ပေ ။ သို့သော် မန်ယူ ၏ နောက်ဆုံး ပွဲ နှစ် ပွဲ တွင် ပါဝင် ကစား ခဲ့ ပြီး တစ် ဂိုး သာ သွင်း ယူ ထားသည် ။
0Sport
အင်္ဂလန် နှင့် စ ကော့ တ လန် နောက်ဆုံး ကစား ခဲ့ သော ၂၀၁၄ နိုဝင်ဘာ က အင်္ဂလန် က အိမ်ရှင် စ ကော့ တ လန် ကို ၃ - ၁ ဂိုး ဖြင့် အနိုင်ရ ရှိ ရာ ရွန်းနေ က နှစ် ဂိုးသွင်း ယူခဲ့ သည် ။
0Sport
အိမ်ရှင် ပြုလုပ် မည့် ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ တွင် အာရှ ဘောလုံး အဖွဲ့ချုပ် ( အေအက်ဖ်စီ ) က ဒေါ်လာ နှစ် သိန်း ခွဲ ထောက်ပံ့ သော်လည်း ပြိုင်ပွဲ ကျင်းပ စရိတ် မ လုံလောက် မှု ကြောင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် က ကျပ် သိန်း နှစ် ထောင့် ငါးရာ ခန့် စိုက်ထုတ် သုံးစွဲ ရ မည် ဖြစ်ကြောင်း အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦး ဘုန်း နိုင် ဇော် က ပြောသည် ။
0Sport
( ၁၁ ) ကြိမ်မြောက် အာဆီယံ ဆူဇူကီး ဖလား ပြိုင်ပွဲ အုပ်စု အဆင့် ပွဲ များ ကို ယခု လ ၁၉ ရက် မှ ဒီဇင်ဘာ ၁၇ ရက် အထိ မြန်မာ နှင့် ဖိလစ်ပိုင် နိုင်ငံ တို့ က ပူးတွဲ လက်ခံ ကျင်းပ မည် ဖြစ်သည် ။ မြန်မာနိုင်ငံ သည် အဆိုပါ ဒေသတွင်း အဆင့်မြင့် ဆုံး ဘောလုံးပြိုင်ပွဲ ကို ပထမဆုံး အကြိမ် လက်ခံ ကျင်းပ မည် ဖြစ်သည် ။
0Sport
အာရှ ဘောလုံး အဖွဲ့ချုပ် က ဒီ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ တာ ကြောင့် ဒေါ်လာ နှစ် သိန်း ခွဲ ထောက်ပံ့ ပါ တယ် ။ ဒီ နှစ် သိန်း ခွဲ ထဲက ပြိုင်ဘက် အသင်း တွေ ရဲ့ လေယာဉ် စရိတ် ၊ တည်းခို နေထိုင် စရိတ် နဲ့ ဒိုင် တွေ ၊ တခြား အဖွဲ့အစည်း တွေ အတွက် အသုံးပြု ရ ပါ တယ် ။ မ လုံလောက် တဲ့ အတွက် အဖွဲ့ချုပ် က ကျပ် သိန်း နှစ် ထောင့် ငါးရာ လောက် စိုက်ထုတ် သုံးစွဲ ရ မှာ ပါ ဟု ဦး ဘုန်း နိုင် ဇော် က ပြောသည် ။
0Sport
ယင်း ပြိုင်ပွဲ အုပ်စု ( ခ ) တွင် မြန်မာ ၊ ဗီယက်နမ် ၊ မလေးရှား နှင့် ကမ္ဘောဒီးယား အသင်း တို့ ပါ ဝင်နေ ပြီး ယင်း အုပ်စု ပွဲ များ ကို ရန်ကုန် မြို့ ၌ လက်ခံ ကျင်းပ မည် ဖြစ်သည် ။ အုပ်စု ( က ) တွင် ထိုင်း ၊ စင်ကာပူ ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် အသင်း များ ပါ ဝင်နေ ပြီး အုပ်စု ပွဲ များ ကို ဖိလစ်ပိုင် နိုင်ငံ က လက်ခံ ကျင်းပ မည် ဖြစ်သည် ။
0Sport
မြန်မာ အသင်း သည် အာဆီယံ ဆူဇူကီး ဖလား ပြိုင်ပွဲ ( ယခင် တိုက်ဂါး ဖလား ပြိုင်ပွဲ ) တစ်လျှောက် အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၂၀၀၄ တစ် ကြိမ်သာ အကြို ဗိုလ်လုပွဲ အဆင့် သို့ တက်ရောက် ထားသည် ။
0Sport
မြန်မာ နှင့် အိုမန် အသင်း ခြေစမ်းပွဲ အတွက် ကုန်ကျစရိတ် စုစုပေါင်း ကန် ဒေါ်လာ နှစ် သိန်း ခန့် ရှိ ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်း က ပြောသည် ။
0Sport
ဆူဇူကီး ဖလား ပြိုင်ပွဲ အကြို ပြင်ဆင် နေ သည့် မြန်မာ့ လက်ရွေးစင် အသင်း သည် ပြိုင်ပွဲ မတိုင်မီ နောက်ဆုံး နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် အာရှ အင်အားကြီး အိုမန် အသင်း ကို ရန်ကုန် မြို့ တွင် ဖိတ်ခေါ် ခြေစမ်း မည် ဖြစ်သည် ။ ယင်း ခြေစမ်းပွဲ အတွက် အိုမန် အသင်း ကို ပွဲ တန်ကြေး အဖြစ် အမေရိကန်ဒေါ်လာ ၄၀ , ၀၀၀ ပေး ရ မည် ဖြစ်ကြောင်း ဦးကိုကို သိန်း က ပြောသည် ။
0Sport
အဆိုပါ ခြေစမ်းပွဲ ကို နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီ တွင် ရန်ကုန် မြို့ ရှိ သုဝဏ္ဏ ကွင်း ၌ ကျင်းပ မည် ဖြစ်သည် ။ ကျွန်တော် တို့ ဘက် က ဟိုတယ် ၊ လေယာဉ် လက်မှတ် နဲ့ အားလုံး စီစဉ် ပေး ရ တယ် ။ ဒီ ပွဲ အတွက် ကုန်ကျစရိတ် စုစုပေါင်း ကန် ဒေါ်လာ နှစ် သိန်း ခန့် ရှိမယ် ဟု ဦးကိုကို သိန်း က ဆိုသည် ။
0Sport
မြန်မာ အသင်း သည် ဆူဇူကီး ပြိုင်ပွဲ မတိုင်မီ ဘောလုံး အဆင့်အတန်း မြင့်မား သည့် အာရှ အသင်း များ ကို ခြေစမ်း ကစား ခွင့် ရရှိရန် ဆက်သွယ် ကမ်းလှမ်း ခဲ့ ပြီး အိုမန် အသင်း မတိုင်မီ အီရန် အသင်း နှင့် ခြေစမ်းပွဲ မှာ လည်း အီရန် အသင်း ကပွဲ တန်ကြေး ဒေါ်လာ ၁၂၅ , ၀၀၀ တောင်းဆို ခဲ့ ၍ ပျက်ပြယ် ခဲ့ ရ ကြောင်း ၎င်း က ပြောသည် ။
0Sport
မြန်မာ အသင်း သည် လက်ရှိတွင် ဖီဖာ ကမ္ဘာ့ အဆင့် ရပ်တည် မှု ကျဆင်း နေ မှု ကြောင့် ပြိုင်ဘက် အသင်း ကောင်း များ အား ဖိတ်ခေါ် ခြေစမ်း ရန် အခက် တွေ့ နေ ရ ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦး က ပြောသည် ။
0Sport
မြန်မာ အသင်း သည် အိုမန် အသင်း နှင့် ခြေစမ်းပွဲ မတိုင်မီ နိုဝင်ဘာ ၄ ရက် က ဒေသတွင်း ပြိုင်ဘက် အင်ဒိုနီးရှား အသင်း နှင့် သုဝဏ္ဏ ကွင်း ၌ ခြေစမ်း ကစား ခဲ့ ရာ ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ သည် ။
0Sport
ရန်ကုန် တွင် လက်ခံ ကျင်းပ မည့် ဆူဇူကီး ဖလား ပြိုင်ပွဲ ၌ ကွင်း အတွင်း လာရောက် အားပေး မည့် ပရိသတ် များ ကို အရက်မူး တိုင်း ကိရိယာ ဖြင့် စစ်ဆေး မည် ဖြစ်ပြီး သတ်မှတ် အတိုင်းအတာ ထက် ကျော် လွန် ပါ က ဝင်ရောက် ခွင့်ပြု မည် မဟုတ် ကြောင်း အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦး ဘုန်း နိုင် ဇော် က ပြောကြား သည် ။
0Sport
ဘောလုံးကွင်း နဲ့ အနီး တစ်ဝိုက် မှာ အရက်သေစာ သောက်စား ခွင့် မ ပြု ဘူး ။ ပြိုင်ပွဲ နေ့ တွေ ကျ ရင် လည်း မြို့နယ်အုပ်ချုပ်ရေးမှူး တွေ က စားသောက်ဆိုင် တွေ ကို ပိတ် ထား ဖို့ အမိန့်ထုတ် ပြန် ပေး မယ် လို့ ပြောထား တယ် ။ ကွင်း ထဲ ကို ဝင် ဖို့ အတွက် လည်း အရက်မူး တိုင်း ကိရိယာ နဲ့ စစ် မယ် ။ သတ် မှတ်ထား တာ ထက် ကျော် လွန် နေ မယ် ဆို ရင် တော့ ပေး ဝင် မှာ မဟုတ် ဘူး ။ နည်းနည်း သောက် ပြီး အရမ်း မူး ပြ နေ ရင် လည်း ပေး ဝင် မှာ မဟုတ် ဘူး ဟု နိုဝင်ဘာ ၁၀ ရက် က အဖွဲ့ချုပ် ရုံး ၌ ပြုလုပ် သည့် ပြိုင်ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲ ၌ ဦး ဘုန်း နိုင် ဇော် က ပြောသည် ။
0Sport
ထို့ပြင် ပရိသတ် များ လုံခြုံမှု ရှိ စေရန် လုံခြုံရေး အင်အား နှစ် ထောင် ကျော် အသုံးပြု မည် ဖြစ်ပြီး ဆိုးသွမ်း ပရိသတ် များ ကို တည်ဆဲဥပဒေ များ အတိုင်း ထိရောက်စွာ အရေးယူ ဆောင်ရွက် မည် ဖြစ်ကြောင်း ၎င်း က ပြောသည် ။
0Sport
ကွင်း ထဲ မှာ ထိုင်ခုံ မတော်တဆ ကျိုး သွား ရင် ပြဿနာ မရှိ ဘူး ။ တမင် ရိုက် ချိုး နေ တာ ဆို ရင် တော့ ရဲတပ်ဖွဲ့ က ဖမ်း မယ် ။ အဖွဲ့ချုပ် က ပြည်သူပိုင် ပစ္စည်း ဖျက်ဆီး မှု နဲ့ တရားစွဲ မယ် ။ ပရိသတ် တွေ ကြား ထဲ မှာ လည်း လုံခြုံရေး တွေ ချ သွား ဖို့ ရှိ တယ် ။ ကွင်း ပတ်လည် မှာ လည်း CCTV အလုံး ၅၀ လောက် တပ်ဆင် ထား တယ် ဟု ဦး ဘုန်း နိုင် ဇော် က ပြောသည် ။
0Sport
ကွင်း အတွင်း သို့ အရာဝတ္ထု များ ဖြင့် ပစ် ပေါက် ခြင်း ၊ ကွင်း အတွင်း ရှိ ပစ္စည်း များ ဖျက်ဆီး ခြင်း များ ပြုလုပ်သည် ကို တွေ့ ရှိ ပါ က ချက်ချင်း အရေးယူ ဆောင်ရွက် မည် ဖြစ်ပြီး မှောင်ခို လက်မှတ် ရောင်းချ သူများ ကို လည်း အရေးယူ ရန် ရဲတပ်ဖွဲ့ သို့ တိုက်တွန်း ထား ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦး က ဆိုသည် ။
0Sport
၂၀၁၆ ဆူဇူကီး ဖလား ပြိုင်ပွဲ အုပ်စု ( ခ ) တွင် မြန်မာ ၊ ဗီယက်နမ် ၊ မလေးရှား နှင့် ကမ္ဘောဒီးယား အသင်း တို့ ပါ ဝင်နေ ပြီး နိုဝင်ဘာ ၂၀ ရက် ၌ စတင် ကျင်းပ မည့် ယင်း အုပ်စု ပွဲ များ ကို ရန်ကုန် မြို့ သုဝဏ္ဏ ကွင်း ၌ လက်ခံ ကျင်းပ မည် ဖြစ်သည် ။
0Sport
ရီးရဲလ် တိုက်စစ်မှူး ဂါရတ်ဘေးလ် သည် ဝေးလ်စ် ဘောလုံး အဖွဲ့ချုပ် ၏ တစ် နှစ် တာ အကောင်းဆုံး ကစားသမား ဆု ကို ခြောက် ကြိမ်မြောက် ရရှိ ခဲ့ သည် ။
0Sport
စတုတ် ကွင်းလယ် ကစားသမား ဂျိုး အယ်လ် လင် ကမူ ပရိသတ် နှင့် ကစားသမား များ က ပေး သော တစ် နှစ် တာ အကောင်းဆုံး ကစားသမား ဆု နှစ် ဆု ရရှိ ခဲ့ သည် ။
0Sport
ထို့အပြင် အင်္ဂလန် လိဂ် ဒုတိယ တန်း မှ အိတ်ခ် တာ စီးတီး အသင်း တွင် ကစား နေ သော လူငယ် ကစားသမား အီ သန် အမ် ပါ ဒူ ( ၁၆ ) နှစ် သည် အကောင်းဆုံး လူငယ် ကစားသမား ဆု ရရှိ ခဲ့ သည် ။
0Sport
မီဒီယာ များ က ပေးအပ် သော တစ် နှစ် တာ အကောင်းဆုံး ကစားသမား ဆု ကို ချန်ပီယံ ရှစ် တွင် ကစား နေ သော ရီး ဒင်း အသင်း နောက်ခံ လူ ခ ရစ္စ ဂန် တာ ကရ ရှိသည် ။ ဝေးလ်စ် ဘောလုံး အဖွဲ့ချုပ် က ပေးအပ် သော အထူးဆု အနေဖြင့် တစ် နှစ် တာ အကောင်းဆုံး နည်းပြ ဆု ကို ဝေးလ်စ် လက်ရွေးစင် အသင်း နည်းပြ ခ ရစ္စ တယ် ကိုး မန်း က ရရှိ ကြောင်း ဘီဘီစီ သတင်း ဌာန က ဖော်ပြသည် ။
0Sport
အလားတူ အာဆင်နယ် ကွင်းလယ် ကစားသမား အာ ရွန် ရမ်ဆေး က ဝေးလ်စ် လက်ရွေးစင် အသင်း အတွက် ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ဆု နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ဂိုး ဆု ကို ဝက်စ်ဘရွန်း တိုက်စစ်မှူး ရော့ ဆင်ကန် နူ က ဘယ်လ်ဂျီယံ နှင့် ကွာတားဖိုင်နယ် တွင် သွင်း ယူခဲ့ သော ဂိုး ဖြင့် အသီးသီး ရရှိ ခဲ့ ကြ သည် ။
0Sport
အာဂျင်တီးနား အသင်း အတွက် အရေးပါ သော ကမ္ဘာ့ဖလား ခြေစစ်ပွဲ တစ် ပွဲ ဖြစ် သည့် ဘရာဇီး အသင်း နှင့် ယှဉ်ပြိုင်ကစား မည့် ပွဲ တွင် မက်ဆီ ပြန်လည် ပါဝင် မည် ဖြစ် သော်လည်း ကိုပါ အမေရိက ဖလား ချန်ပီယံ ချီလီ အသင်း အတွက် အာဆင်နယ် ကြယ်ပွင့် ကစားသမား ဆန်း ချက်ဇ် ဒဏ်ရာ ကြောင့် မ ပါဝင် လာ ခြင်း က ကိုလံဘီယာ အသင်း နှင့် ရင်ဆိုင် ကစား မည့် ပွဲ အတွက် အထိနာ မှု တစ်ရပ် ဖြစ် ခဲ့ သည် ။
0Sport
အာဂျင်တီးနား အသင်း သည် မက်ဆီ မ ပါဝင် နိုင် သော ပွဲစဉ် သုံး ပွဲ တွင် နှစ် ပွဲ သရေ ၊ တစ် ပွဲ ရှုံး ဖြင့် ရလဒ် များ ဆိုးရွား နေ ခဲ့ ပြီး နောက်ဆုံး မက်ဆီ ပါဝင် ခဲ့ သော ဥရုဂွေး နှင့် ပွဲ ၌ တစ်လုံး တည်း သော အနိုင် ဂိုး ကို မက်ဆီ က သွင်း ယူ ပေး ခဲ့ သည် ။ နည်းပြ သစ် လက်ထက် တွင် အာဂျင်တီးနား အသင်း နှင့်အတူ တစ် ပွဲသာ ပါဝင် ကစား ခွင့် ရ ခဲ့ သော မက်ဆီ ပြန်လည် ပါဝင်လာမှု သည် ဘရာဇီး အသင်း ကို လေး ပွဲ ဆက် နိုင် ပွဲရ ရှိ အောင် စွမ်းဆောင် ပေး ထား နိုင် သော နည်းပြ တီတီ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာ ဖွယ် ရှိသည် ။
0Sport
မက်ဆီ သည် ဘောလုံး ကစား ရာတွင် လွန်စွာ ကျွမ်းကျင် ပြီး အဆုံးသတ် ကောင်းသော အရည်အချင်း ရှိ သူ ဖြစ် သောကြောင့် မိမိ တို့ အနေဖြင့် တတ်နိုင်သမျှ နှစ် ဆတိုး ၍ ၎င်း ကို လူ ကပ် ကစား ရ မည် ဟု ဘရာဇီး ကွင်းလယ်လူ ရီ နာ တို အော ဂက်စ် တို က ပြောသည် ။ မက်ဆီ ပြန်လည် ပါဝင် လာ နိုင် မှု အတွက် ဝမ်းသာ မိသည် ဟု အာဂျင်တီးနား ကွင်းလယ် ကစားသမား လူး ကက်စ် ဘက် ဂ လီ ယာ က ပြောသည် ။ ယခင် နည်းပြ များ လက်ထက် တွင် ဘရာဇီး အသင်း နှင့် အာဂျင်တီးနား အသင်း တို့သည် တစ် ဂိုး စီ သ ရေကျ ခဲ့ ကြ သည် ။ ဘရာဇီး နှင့် အာ ဂျင်း တီး နား အသင်း တို့သည် နိုဝင်ဘာ ၁၁ ရက် နံနက် တွင် ယှဉ်ပြိုင်ကစား ကြ မည် ဖြစ်သည် ။
0Sport
မန်ယူ က ဆွမ်ဆီး ကို ၃ - ၁ ဂိုး ဖြင့် နိုင် ခဲ့ သော ပွဲ တွင် ဒဏ်ရာ ကြောင့် မန်ယူ ကွင်းလယ်လူ ဖယ် လိုင် နီ သည် ဘယ်လ်ဂျီယံ အသင်း ၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲ များ နှင့် လွဲချော် မည် ဟု ဘယ်လ်ဂျီယံ နည်းပြ မာ တီ နက်ဇ် က ပြောကြား သည် ။
0Sport
၎င်း သည် ခြေသလုံး ဒဏ်ရာ ကြောင့် နယ်သာလန် ၊ အက်စတိုးနီးယား တို့ နှင့် ပွဲ များ ကို လွဲချော် မည် ဖြစ်သည် ။
0Sport
ကျွန်တော် တို့ မှာ လုံလောက် တဲ့ အဓိက ကစားသမား ၂၄ ယောက် ရှိပါတယ် ။ ဖယ် လိုင် နီ က လွဲ ပြီး လူ စုံ ပါဝင် နိုင် ပါ တယ် ။ ဒမ် ဘီ လီ ပြန် ကစား နိုင် ပေ မယ့် နယ်သာလန် နဲ့ ပွဲ အတွက် အနားပေး ထား ဦး မှာ ပါ ။ အက်စတိုးနီးယား နဲ့ ပွဲ မှာ သူ့ ကို ကျွန်တော် တို့ အားကိုး သွား ပါ မယ် ဟု ဆွမ်ဆီး နှင့် အဲဗာတန် နည်းပြ ဟောင်း မာ တီ နက်ဇ် က ပြောကြား သည် ။
0Sport
ဒီ ဘ ရိုင် နီ သည် အနည်းငယ် မောပန်း နေ သော်လည်း ပါဝင် ရန် သေချာ သည် ဟု ၎င်း က ပြောသည် ။ ကွန် ပ နီ ပြန် ပါလာ သော်လည်း ဟာဇက် ကို သာ အသင်း ခေါင်းဆောင် အဖြစ် ဆက်လက် တာဝန် ပေး မည် ဟု မာ တီ နက်ဇ် က ပြောသည် ။
0Sport
- ဘာစီလိုနာ နှင့် ၂၀၁၉ နှစ် လယ် အထိ စာချုပ် သက်တမ်း ကျန် သေး သော်လည်း ဥရုဂွေး တိုက်စစ်မှူး လူး ဝစ် ဆွာရက်ဇ် သည် စာချုပ် သစ် ထပ် ချုပ် ရန် နီးစပ် နေ ပြီ ဖြစ် ကာ နည်းပြ လူး ဝစ် အင်းနရစ် နှင့်အတူ နောက်ထပ် ဆုဖလား များ ရယူ လို သည် ဟု ပြောသည် ။
0Sport
- အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည် မှု ရှိသည် ဆို သော သတင်း များ ထွက်ပေါ် ခဲ့ ပြီး နောက် အယ်လ်ဘေးနီးယား - အစ္စရေး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို အခြား ဘောလုံးကွင်း တွင် ကျင်းပ ရန် စီစဉ် ထားသည် ။
0Sport
- အဲဗာတန် နည်းပြ ရော် နယ် ကိုး မန်း ကလူ ကာ ကူသည် ကိန်း ခြေ စွမ်း မျိုး ပိုင်ဆိုင် သော တိုက်စစ်မှူး ဖြစ် သောကြောင့် အဲဗာတန် မှ ထွက်ခွာ ပြီး အသင်း ကြီး တစ် သင်း တွင် ကစား သင့် သည် ဟု ပြောသည် ။
0Sport
- ပြီးခဲ့သည့် နွေရာသီ က မန်ယူ တိုက်စစ်မှူး ဝိန်း ရွန်းနေ ကို တရုတ် က ခေါ် ယူ ရန် ကြိုးပမ်း မှု ကို ၎င်း က ပယ် ချခဲ့ ကြောင်း ဘေဂျင်း ကူ ဝန် အသင်း ဥက္ကဋ္ဌ လို နင်း က ပြောသည် ။
0Sport
- မန်စီးတီး ကွင်းလယ်လူ ကီ ဗင် ဒီ ဘ ရိုင် နီ သည် လက်ရွေးစင် အသင်း သို့ ပြန်လာ ချိန် ၌ အရန် ခုံ တွင် ထိုင် ခိုင်း နိုင်ခြေ ရှိသည် ဟု ဘယ်လ်ဂျီယံ နည်းပြ ရော ဘတ် တို မာ တီ နက်ဇ် က ပြောသည် ။
0Sport
၂၀၁၇ မလေးရှား ဆီးဂိမ်း ပြိုင်ပွဲ အတွက် ပြင်ဆင် လေ့ကျင့် မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ - ၂၂ ဘောလုံးအသင်း ၏ ကစားသမား ၂၆ ဦး စာရင်း ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် က ထုတ်ပြန် လိုက် ပြီး နိုဝင်ဘာ ၁၅ ရက် တွင် စုစည်း လေ့ကျင့် မည် ဟု သတင်းရ ရှိသည် ။
0Sport
အဆိုပါ စာရင်း တွင် ၂၀၁၅ စင်ကာပူ ဆီးဂိမ်း ပြိုင်ပွဲဝင် အသင်း မှ တိုက်စစ်မှူး ရှိုင်း သူရ ၊ နောက်ခံ လူ စည်သူအောင် နှင့် သိန်း နိုင် ဦး တို့ ပြန်လည် ပါဝင် ခဲ့ သည် ။
0Sport
သို့သော် လက်ရှိ မြန်မာ့ လက်ရွေးစင် အသင်း တွင် ရွေးချယ် ခံထား ရ သည့် အသက် ( ၂၂ ) နှစ် အောက် ကစားသမား များ ကို ဆူဇူကီး ဖလား ပြိုင်ပွဲ ပြီး မှ ထပ်မံ ရွေးချယ် မည် ဟု အဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက် က ပြောသည် ။
0Sport
မြန်မာ ယူ - ၂၂ အသင်း ကို ပြီးခဲ့သည့် ဆီးဂိမ်း ၌ ငွေတံဆိပ် ဆု ရရှိ အောင် စွမ်းဆောင် ပေး နိုင် ခဲ့ သည့် နည်းပြချုပ် ဦးကြည်လွင် နှင့် နည်းပြ အဖွဲ့ ကပင် တာဝန်ယူ ကိုင်တွယ် မည် ဖြစ်သည် ။
0Sport
ထို့အပြင် မြန်မာ အသင်း ၏ ပထမဆုံး ခြေစမ်းပွဲ အဖြစ် ဒီဇင်ဘာ အတွင်း မလေးရှား ယူ - ၂၂ အသင်း နှင့် ရန်ကုန် မြို့ ၌ ခြေစမ်းပွဲ နှစ် ပွဲ ယှဉ်ပြိုင်ကစား မည် ဖြစ်ကြောင်း အဖွဲ့ချုပ် ထုတ်ပြန်ချက် ၌ ပါ ရှိသည် ။
0Sport